ဗိုလ်ချုပ်မှူးကြီး စောမောင်
ကြည်း ၆၁၈၇ ဗိုလ်ချုပ်မှူးကြီး စောမောင် (၄-၁၁-၁၉၈၅ မှ ၂၄-၄-၁၉၉၂ ထိ) မြန်မာ့တပ်မတော်၏ ၆ဦးမြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ဖြစ်ပြီး ၁၉၄၉ ခုနှစ်တွင် တပ်မတော်သို့ဝင်ရောက်ခဲ့ကာ ၁၉၅၁ ခုနှစ်တွင် တပ်မတော်(ကြည်း)ဗိုလ်လောင်းသင်တန်း၊ သင်တန်းအမှတ်စဉ် (၆)သို့ တက်ရောက်ခဲ့ပါသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊စစ်ရေးချုပ် တာဝန်များအား ထမ်းဆောင်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)အဖြစ် ခန့်အပ်ခံခဲ့ရပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဗိုလ်ချုပ်ကြီး သူရကျော်ထင်
ကြည်း ၅၃၃၂ ဗိုလ်ချုပ်ကြီး သူရကျော်ထင် (၆-၃-၁၉၇၆ မှ ၄-၁၁-၁၉၈၅ ထိ) ဗိုလ်ချုပ်ကြီးသူရကျော်ထင်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလများဖြစ်သည့် BDA၊ PBFခေတ်အချိန်မှစ၍ တပ်မတော်တာဝန်များကို ထမ်းဆောင်လာခဲ့သူဖြစ်ပြီး ၁၉၄၃ ခုနှစ်၌ တပ်မတော်သို့စတင်ဝင်ရောက်ခဲ့ပါသည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တာဝန်များအား ထမ်းဆောင်ခဲ့ပါသည်။ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်မှ ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဗိုလ်ချုပ်ကြီး သူရတင်ဦး
ကြည်း ၃၅၆၁ ဗိုလ်ချုပ်ကြီး တင်ဦး (၈-၃-၁၉၇၄ မှ ၆-၃-၁၉၇၆ ထိ) ဗိုလ်ချုပ်ကြီးတင်ဦးသည် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှစ၍ ဒုတိယဗိုလ်အဆင့်ဖြင့် ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၉၇၄ ခုနှစ်၊ မတ်လ ၈ ရက်မှ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဗိုလ်ချုပ်ကြီး စန်းယု
ကြည်း ၃၅၆၉ ဗိုလ်ချုပ်ကြီး စန်းယု (၂၀-၄-၁၉၇၂ မှ ၇-၃-၁၉၇၄ ထိ) ဗိုလ်ချုပ်ကြီးစန်းယုသည် ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ပြည်မြို့မှ ဝင်ရောက်ခဲ့ပြီး အရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲများ၊ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်ရေးများ၌ ပါဝင်ခဲ့ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်များနှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) တာဝန်များကို အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ၁၉၇၄ ခုနှစ်၊ မတ်လ ၇ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဗိုလ်ချုပ်ကြီး နေဝင်း
ကြည်း ၃၅၀၂ ဗိုလ်ချုပ်ကြီး နေဝင်း ၁-၂-၁၉၄၉ မှ ၂၀-၄-၁၉၇၂ ထိ ဗိုလ်ချုပ်ကြီးနေဝင်းသည် တို့ဗမာအစည်းအရုံးဝင်သခင်တစ်ဦးဖြစ်ပြီး တပ်မတော်ကို စတင်တည်ထောင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်တစ်ဦးလည်းဖြစ်သည်။ ၁၉၄၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် စစ်ပညာသင်ကြားရန် ဂျပန်ပြည်သို့ သွားရောက်ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army–BIA) ဖွဲ့စည်းပြီးနောက် မြေအောက်စည်းရုံးရေးလှုပ်ရှားရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သည့် ရှေ့ပြေးအဖွဲ့ကို ခေါင်းဆောင်ခဲ့ပြီး BDAနှင့် BNA တို့တွင် စစ်ဦးစီးဌာနချုပ်မှူး၊ ထောက်ပံ့ရေးဌာနကြီးမှူးတာဝန်များထမ်းဆောင်ခဲ့ပါသည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးစတင်ချိန်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် တိုင်း(၂) မြစ်ဝကျွန်းပေါ်တိုင်း တိုင်းမှူးအဖြစ်လည်းကောင်း၊ တိုင်းပေါင်းမှူးအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်မှစတင်၍ ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်ထိ မြောက်ပိုင်းတိုင်း တိုင်းမှူးတာဝန်ကိုထမ်းဆောင်ခဲ့သည်။ […]
ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း
ကြည်း ၅၁၀၆ ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း ၄-၁-၁၉၄၈ မှ ၃၁-၁-၁၉၄၉ ထိ သူ့ကျွန်ဘဝမှလွတ်မြောက်ခဲ့ပြီး လွတ်လပ်သောဗမာ့တပ်မတော်၏ ပထမဦးဆုံးသော စစ်ဦးစီးချုပ်(ကာကွယ်ရေး ဦးစီးချုပ်)မှာ ဗိုလ်ချုပ်စမစ်ဒွန်းဖြစ်ပါသည်။ ၁၉၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် တပ်မတော်သို့ဝင်ရောက်ခဲ့ပြီး အမှတ်(၁၀/၂၀)လေ့ကျင့်ရေးတပ်ရင်း (10/20th Training Battalion)တွင် စတင်အမှုထမ်းခဲ့သည်။ ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်မှ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်ထိ ဗိုလ်အဆင့်မှ ဗိုလ်မှူးကြီးအဆင့်ထိ အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ […]
ဝက်ကော်တိုက်ပွဲ

၁၉၄၉ ခုနှစ်တွင် ဗမာ့တပ်မတော်သည် KNDOများ အခိုင်အမာခံစစ်ဆင်ထားသော ဦးစက္ကိန်ကျောင်း၊ စောဘင်ဆင်ခြံ၊ မင်းဓမ္မကုန်း၊ စော်ဘွားကြီးကုန်းတိုက်ပွဲများတွင် စစ်ရေယာဉ်မေယုနှင့် ဆင်မင်းတိုက်ရေယာဉ်တို့မှ အမြောက်များဖြင့် ပစ်ကူပေးခဲ့သည့်အပြင် ကုန်းပေါ်သို့တက်၍ “တံမြက်စည်း”ခေါ် ဘီးတပ် ၄၀ မမ အမြောက်နှင့် ”ရေဘီလူး” ၊ ”ရေသူရဲ”၊ ”ရေသဘက်” စသည့်အမြောက်များဖြင့် ပါဝင်တိုက်ခိုက်ခဲ့ပါသည်။ အင်းစိန်ရှိ KNDOများနှင့်ပူးပေါင်းရန် ပြည်မြို့မှ ချီတက်လာသော အမှတ် (၂) ကရင်တပ်ရင်းကို ဝက်ကော်တွင် ဗမာ့တပ်မတော်၏ ဟန့်တားတိုက်ခိုက်ခြင်း၌ တပ်မတော်(ရေ)မှ ဗိုလ်ကျော်သိန်းလွင်ဦးစီးသည့် တံမြက်စည်းအမြောက်နှင့် ၆ ပေါင်ဒါအမြောက်အဖွဲ့မှ ပါဝင်ပစ်ကူပေးတိုက်ခိုက်ခဲ့ပါသည်။
Video Test
Myanmar Navy 72th song
[Elite_video_player id=”2″]
We Are Soldiers
[Elite_video_player id=”1″]