မြန်မာနိုင်ငံ၏သမိုင်းကြောင်းနှင့် ယှဉ်တွဲနေသောတပ်မတော်

ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးကာလတွင် သန္ဓေတည်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးကာလတွင် ပြည်သူကြားမှပေါက်ဖွားပေါ်ထွန်းလာခဲ့သော မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းသည် မြန်မာတစ်မျိုးသားလုံးအတွက် ဂုဏ်ယူထိုက်သော သမိုင်းကြောင်းပင်ဖြစ်သည်။

၁၉၄၉ခုနှစ်တွင် ဗမာ့တပ်မတော်သည် KNDOများ အခိုင်  အမာခံစစ်ဆင်ထားသော ဦးစက္ကိန်ကျောင်း၊ စောဘင်ဆင်ခြံ၊ မင်းဓမ္မကုန်း၊ စော်ဘွားကြီးကုန်းတိုက်ပွဲများတွင် စစ်ရေယာဉ်မေယုနှင့် ဆင်မင်းတိုက်ရေယာဉ်တို့မှ အမြောက်များဖြင့် ပစ်ကူပေးခဲ့သည့်အပြင် ကုန်းပေါ်သို့တက်၍ ”တံမြက်စည်း”ခေါ် ဘီးတပ် ၄၀ မမ အမြောက်နှင့် ”ရေဘီလူး”၊”ရေသူရဲ”၊ ”ရေသဘက်”စသည့် အမြောက်များဖြင့် ပါဝင်တိုက်ခိုက်ခဲ့ပါသည်။

ဝမ်ပန်ဆန်းလေကြောင်းတိုက်ပွဲ

ဝမ်ပန်ဆန်းလေကြောင်းတိုက်ပွဲသည် ဒုတိယကမ္ဘာစစ်ပြီးကာလ မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှတွင် ပထမဦးဆုံးဖြစ်ပွားသော လေကြောင်းတိုက်ပွဲဖြစ်ပါသည်။ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ရက်တွင် ဗိုလ်မှူးတင်မောင်အေးနှင့် ဗိုလ်မှူးအေးဝင်းတို့သည်ရန်သူ့လေယာဉ်နှင့် ရန်သူ့စခန်းကို ထောက်လှမ်းရှာဖွေရန်အတွက် စက်စနာလေယာဉ်(အမှတ်-၆၁၈)ဖြင့် ကျိုင်းတုံမှတာချီလိတ်သို့ ရောက်ရှိလာခဲ့ကြသည်။

WELCOME

museum opens on all days except from Monday and public holidays from 9:00 AM to 4:00 PM

Everyone : Free

Zayarthiri Township,Nay Pyi Taw

031-74330, 031-74339