ကြည်း ၆၁၈၇ ဗိုလ်ချုပ်မှူးကြီး စောမောင်
(၄-၁၁-၁၉၈၅ မှ ၂၄-၄-၁၉၉၂ ထိ)
မြန်မာ့တပ်မတော်၏ ၆ဦးမြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ဖြစ်ပြီး ၁၉၄၉ ခုနှစ်တွင် တပ်မတော်သို့ဝင်ရောက်ခဲ့ကာ ၁၉၅၁ ခုနှစ်တွင် တပ်မတော်(ကြည်း)ဗိုလ်လောင်းသင်တန်း၊ သင်တန်းအမှတ်စဉ် (၆)သို့ တက်ရောက်ခဲ့ပါသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊စစ်ရေးချုပ် တာဝန်များအား ထမ်းဆောင်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)အဖြစ် ခန့်အပ်ခံခဲ့ရပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။