ကြည်း ၅၃၃၂ ဗိုလ်ချုပ်ကြီး သူရကျော်ထင်
(၆-၃-၁၉၇၆ မှ ၄-၁၁-၁၉၈၅ ထိ)
ဗိုလ်ချုပ်ကြီးသူရကျော်ထင်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလများဖြစ်သည့် BDA၊ PBFခေတ်အချိန်မှစ၍ တပ်မတော်တာဝန်များကို ထမ်းဆောင်လာခဲ့သူဖြစ်ပြီး ၁၉၄၃ ခုနှစ်၌ တပ်မတော်သို့စတင်ဝင်ရောက်ခဲ့ပါသည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တာဝန်များအား ထမ်းဆောင်ခဲ့ပါသည်။ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်မှ ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။