တပ်မတော်သမိုင်း (သတ္တမတွဲ)
တပ်မတော်သမိုင်း (ဆဌမတွဲ)
တပ်မတော်သမိုင်း (ပဥ္စမတွဲ)
တပ်မတော်သမိုင်း (စတုတ္ထတွဲ)
တပ်မတော်သမိုင်း (တတိယတွဲ)
တပ်မတော်သမိုင်း (ဒုတိယတွဲ)
တပ်မတော်သမိုင်း (ပထမတွဲ)
မြန်မာနိုင်ငံ၏သမိုင်းကြောင်းနှင့် ယှဉ်တွဲနေသောတပ်မတော်
ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးကာလတွင် သန္ဓေတည်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးကာလတွင် ပြည်သူကြားမှ ပေါက်ဖွားပေါ်ထွန်းလာခဲ့သော မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းသည် မြန်မာတစ်မျိုးသားလုံးအတွက် ဂုဏ်ယူထိုက်သော သမိုင်းကြောင်းပင်ဖြစ်သည်။ ရှေးမြန်မာနိုင်ငံပဒေသရာဇ်ခေတ်အဆက်ဆက်တွင်ရှိခဲ့ကြသည့် တပ်မတော်များသည် ခေတ်မီတပ်မတော်များမဟုတ်ကြဘဲ စစ်မှုထမ်းဆောင်ရန်အတွက် အရေးကြုံမှသာ ထောင်ပြုမြို့၊ ရာပြုမြို့များမှအချိုးကျထည့်ဝင်ရသော စစ်သားစုဆောင်းရေးစနစ်ကို အနော်ရထာမင်းစောလက်ထက်မှစတင်၍ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်းလက်ထက်တိုင်အောင် ရာစုနှစ် ၈ စု ကြာမျှကျင့်သုံးခဲ့ကြသည်။ သို့ပါသော်လည်း ခေတ်အဆက်ဆက်မြန်မာနိုင်ငံ၌ ဤကဲ့သို့သောတပ်မတော်မျိုးဖြင့်ပင် ပတ်ဝန်းကျင်နိုင်ငံများ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများအကြားတွင် လျှမ်းလျှမ်းတောက် ထင်ရှားကျော်ကြားခဲ့ရသော တပ်မတော်ကြီးတစ်ရပ်ဖြစ်ခဲ့ရသည်။ ၁၉ရာစုအစပိုင်းတွင်မူ ခေတ်မီလက်နက်များကိုင်ဆောင်ထား၍ စနစ်တကျလေ့ကျင့်ထားပြီးဖြစ်သော နယ်ချဲ့အင်္ဂလိပ်တပ်များနှင့်ဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာစစ်ပွဲ သုံးကြိမ်စလုံးတွင် မြန်မာတို့အရေးနိမ့်ခဲ့ရပြီးနောက် အာရှတစ်လွှားဂုဏ်သတင်းထင်ရှားကျော်ဇောခဲ့ရသော ရှေးခေတ်မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍပြီးဆုံးခဲ့ရပေသည်။ နယ်ချဲ့ဗြိတိသျှလက်အောက်တွင် အမျိုးသားရေးစိတ်ဓာတ်နိုးကြားတက်ကြွလာပြီးနောက် ဗြိတိသျှတို့အား လက်နက်ကိုင်တော်လှန်ရန်အတွက် ရဲဘော်သုံးကျိပ်တို့သည် ဂျပန်တို့၏ အကူအညီဖြင့် ဟိုင်နန်ကျွန်း၊ ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာသင်ယူခဲ့ကြပြီးနောက် […]
ဝမ်ပန်ဆန်းလေကြောင်းတိုက်ပွဲ

ဝမ်ပန်ဆန်းလေကြောင်းတိုက်ပွဲသည် ဒုတိယကမ္ဘာစစ်ပြီးကာလ မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှတွင် ပထမဦးဆုံးဖြစ်ပွားသော လေကြောင်းတိုက်ပွဲဖြစ်ပါသည်။ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဗိုလ်မှူးတင်မောင်အေးနှင့် ဗိုလ်မှူးအေးဝင်းတို့သည် ရန်သူ့လေယာဉ်နှင့် ရန်သူ့စခန်းကိုထောက်လှမ်းရှာဖွေရန်အတွက် စက်စနာလေယာဉ် (အမှတ်-၆၁၈)ဖြင့် ကျိုင်းတုံမှတာချီလိတ်သို့ ရောက်ရှိလာခဲ့ကြသည်။ ရာသီဥတုဆိုးရွားနေသဖြင့် နံနက်ပိုင်းတွင် လေယာဉ်မတက်နိုင်ဘဲ ၁၄၀၀ ချိန်တွင် တပ်ရင်းမှူး ဗိုလ်မှူးအေးဝင်းကိုတင်ဆောင်လျက် တာချီလိတ်မြို့ အနောက်ဘက်သို့ပျံသန်းလာခဲ့ပြီး ဝမ်ပန်ဆန်းရွာ၀န်းကျင်တွင် ထောက်လှမ်းရှာဖွေပျံသန်းနေစဉ် မြေပြင်တစ်နေရာ၌ ရိက္ခာချအမှတ်အသားတစ်ခုခင်းထားသည်ကို တွေ့ရသဖြင့် သွားရောက်ကြည့်ရှုရာ ရိက္ခာချကွင်းမှ ၎င်းတို့အားမီးပုံ ၂ ခုဖြင့် အချက်ပြနေသည်ကိုတွေ့ရှိခဲ့ရသည်။ ဗိုလ်မှူးတင်မောင်အေးသည် တွေ့ရှိချက်များကို ကျိုင်းတုံတွင်ရောက်ရှိနေသော ဒုတိယကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်မှူးချုပ်တီကလစ်အား ဆက်သွယ်ရေးစက်ဖြင့် သတင်းပို့ခဲ့ပါသည်။ အဆိုပါထောက်လှမ်းတွေ့ရှိချက်များအရ ဆီးဖြူရီတိုက်လေယာဉ် ၃ စီးကို ဗိုလ်မောင်သိန်းဦးဆောင်၍ ဗိုလ်ချစ်ခိုင်နှင့်ဒုတိယဗိုလ်ပီတာတို့ ၃ ဦးမောင်းနှင်ပျံသန်း၍ ဝမ်ပန်ဆန်း၏မြောက်ဘက်တွင် […]
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ကြည်း ၆၇၁၀ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (၂၄-၄-၁၉၉၂ မှ ၃၀-၃-၂၀၁၁ ထိ) ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၅၂ ခုနှစ်တွင် တပ်မတော်(ကြည်း)ဗိုလ်လောင်းသင်တန်း၊ သင်တန်းအမှတ်စဉ်(၉)သို့ စတင်တက်ရောက်ကာ တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ ခြေလျင်၊ ခြေမြန်တပ်ရင်းများနှင့် လက်ရုံးတပ်ဖွဲ့များ၌တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်၌ တပ်မမှူးတာဝန်များထမ်းဆောင်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ၁၉၈၅ ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) တာဝန်များပူးတွဲထမ်းဆောင်ခဲ့သည်။ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌတာဝန်၊ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တ္ငင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌတာဝန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်များကို […]