![](https://dsmuseum.gov.mm/wp-content/uploads/2023/07/viber_image_2023-07-12_12-20-05-732.jpg)
ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးကာလတွင် သန္ဓေတည်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးကာလတွင် ပြည်သူကြားမှ ပေါက်ဖွားပေါ်ထွန်းလာခဲ့သော မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းသည် မြန်မာတစ်မျိုးသားလုံးအတွက် ဂုဏ်ယူထိုက်သော သမိုင်းကြောင်းပင်ဖြစ်သည်။ ရှေးမြန်မာနိုင်ငံပဒေသရာဇ်ခေတ်အဆက်ဆက်တွင်ရှိခဲ့ကြသည့် တပ်မတော်များသည် ခေတ်မီတပ်မတော်များမဟုတ်ကြဘဲ စစ်မှုထမ်းဆောင်ရန်အတွက် အရေးကြုံမှသာ ထောင်ပြုမြို့၊ ရာပြုမြို့များမှအချိုးကျထည့်ဝင်ရသော စစ်သားစုဆောင်းရေးစနစ်ကို အနော်ရထာမင်းစောလက်ထက်မှစတင်၍ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်းလက်ထက်တိုင်အောင် ရာစုနှစ် ၈ စု ကြာမျှကျင့်သုံးခဲ့ကြသည်။ သို့ပါသော်လည်း ခေတ်အဆက်ဆက်မြန်မာနိုင်ငံ၌ ဤကဲ့သို့သောတပ်မတော်မျိုးဖြင့်ပင် ပတ်ဝန်းကျင်နိုင်ငံများ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများအကြားတွင် လျှမ်းလျှမ်းတောက် ထင်ရှားကျော်ကြားခဲ့ရသော တပ်မတော်ကြီးတစ်ရပ်ဖြစ်ခဲ့ရသည်။ ၁၉ရာစုအစပိုင်းတွင်မူ ခေတ်မီလက်နက်များကိုင်ဆောင်ထား၍ စနစ်တကျလေ့ကျင့်ထားပြီးဖြစ်သော နယ်ချဲ့အင်္ဂလိပ်တပ်များနှင့်ဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာစစ်ပွဲ သုံးကြိမ်စလုံးတွင် မြန်မာတို့အရေးနိမ့်ခဲ့ရပြီးနောက် အာရှတစ်လွှားဂုဏ်သတင်းထင်ရှားကျော်ဇောခဲ့ရသော ရှေးခေတ်မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍပြီးဆုံးခဲ့ရပေသည်။
နယ်ချဲ့ဗြိတိသျှလက်အောက်တွင် အမျိုးသားရေးစိတ်ဓာတ်နိုးကြားတက်ကြွလာပြီးနောက် ဗြိတိသျှတို့အား လက်နက်ကိုင်တော်လှန်ရန်အတွက် ရဲဘော်သုံးကျိပ်တို့သည် ဂျပန်တို့၏ အကူအညီဖြင့် ဟိုင်နန်ကျွန်း၊ ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာသင်ယူခဲ့ကြပြီးနောက် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဟူသောခံယူချက်ဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော် ( ဘီအိုင်အေ )ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းသည် ယနေ့ခေတ်မြန်မာ့တပ်မတော်၏ အစပျိုးမှုပင်ဖြစ်လာခဲ့ရသည်။ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးအတွက် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့ချိန်မှစတင်၍ ယနေ့မြန်မာ့တပ်မတော်ဖြစ်လာသည်အထိ အောက်ပါအတိုင်းအမည်နာမ (၆) မျိုးပြောင်းလဲခဲ့ရပေသည် –
(က) ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army – B.I.A) ၂၇.၁၂.၁၉၄၁ မှ ၂၆.၇.၁၉၄၂ အထိ ။
(ခ) ဗမာ့ကာကွယ်ရေးတပ်မတော် (Burma Defence Army – B.D.A) ၂၇.၇.၁၉၄၂ မှ ၁၅.၉.၁၉၄၃ အထိ ။
(ဂ) ဗမာ့အမျိုးသားတပ်မတော် (Burma National Army – B.N.A ) ၁၆.၉.၁၉၄၃ မှ ၂၃.၇.၁၉၄၅ အထိ ။
(ဃ) မျိုးချစ်ဗမာ့တပ်မတော် (Patriotic Burmese Forces – P.B.F ) ၂၃.၇.၁၉၄၅ မှ ၇.၉.၁၉၄၅ အထိ ။
(င) ဗမာ့တပ်မတော် ( Burma Army ) ၈.၉.၁၉၄၅ မှ ၂၇.၃.၁၉၈၉ အထိ ။
(စ) မြန်မာ့တပ်မတော် (Myanmar Tatmadaw ) ၂၇.၃.၁၉၈၉ မှ ယနေ့အထိ ။
ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးကာလတွင် သန္ဓေတည်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးကာလတွင် ပြည်သူကြားမှ ပေါက်ဖွားပေါ်ထွန်းလာခဲ့သော မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းသည် မြန်မာတစ်မျိုးသားလုံးအတွက်ဂုဏ်ယူထိုက်သော သမိုင်းကြောင်းပင်ဖြစ်သည်။ ရှေးမြန်မာနိုင်ငံပဒေသရာဇ် ခေတ်အဆက်ဆက်တွင်ရှိခဲ့ကြသည့် တပ်မတော်များသည် ခေတ်မီတပ်မတော်များမဟုတ်ကြဘဲ စစ်မှုထမ်းဆောင်ရန်အတွက် အရေးကြုံမှသာ ထောင်ပြုမြို့၊ ရာပြုမြို့များမှအချိုးကျထည့်ဝင်ရသော စစ်သားစုဆောင်းရေးစနစ်ကိုအနော်ရထာမင်းစောလက်ထက်မှစတင်၍ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်းလက်ထက်တိုင်အောင် ရာစုနှစ် ၈စု ကြာမျှကျင့်သုံးခဲ့ကြသည်။ သို့ပါသော်လည်း ခေတ်အဆက်ဆက်မြန်မာနိုင်ငံ၌ ဤကဲ့သို့သောတပ်မတော်မျိုးဖြင့်ပင် ပတ်ဝန်းကျင်နိုင်ငံများ၊ အရှေ့တောင်အာရှ နှင့်အရှေ့အာရှနိုင်ငံများအကြားတွင် လျှမ်းလျှမ်းတောက်ထင်ရှား ကျော်ကြားခဲ့ရသော တပ်မတော်ကြီးတစ်ရပ်ဖြစ်ခဲ့ရသည်။ ၁၉ရာစုအစပိုင်းတွင် မူခေတ်မီလက်နက်များ ကိုင်ဆောင်ထား၍ စနစ်တကျလေ့ကျင့်ထားပြီးဖြစ်သော နယ်ချဲ့အင်္ဂလိပ်တပ်များနှင့်ဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာစစ်ပွဲ သုံးကြိမ်စလုံးတွင် မြန်မာတို့ အရေးနိမ့်ခဲ့ရပြီးနောက် အာရှတစ်လွှားဂုဏ်သတင်းထင်ရှားကျော်ဇောခဲ့ရသော ရှေးခေတ်မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍပြီးဆုံးခဲ့ရပေသည်။
နယ်ချဲ့ဗြိတိသျှလက်အောက်တွင် အမျိုးသားရေးစိတ်ဓာတ်နိုးကြား တက်ကြွလာပြီးနောက် ဗြိတိသျှတို့အား လက်နက်ကိုင်တော်လှန်ရန်အတွက် ရဲဘော်သုံးကျိပ် တို့သည်ဂျပန်တို့၏အကူအညီဖြင့် ဟိုင်နန်ကျွန်း၊ ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာသင်ယူခဲ့ကြပြီးနောက် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဟူသောခံယူချက်ဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော် ( ဘီအိုင်အေ ) ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် တွင် စတင်ဖွဲ့စည်းခဲ့ခြင်းသည် ယနေ့ခေတ်မြန်မာ့တပ်မတော်၏ အစပျိုးမှုပင်ဖြစ်လာခဲ့ရသည်။ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးအတွက် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့ချိန်မှစတင်၍ ယနေ့ မြန်မာ့တပ်မတော်ဖြစ်လာသည်အထိ အောက်ပါအတိုင်းအမည်နာမ(၆)မျိုးပြောင်းလဲခဲ့ရပေသည်-
(က) ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army – B.I.A) ၂၇.၁၂.၁၉၄၁ မှ ၂၆.၇.၁၉၄၂ အထိ ။
(ခ) ဗမာ့ကာကွယ်ရေးတပ်မတော် (Burma Defence Army – B.D.A) ၂၇.၇.၁၉၄၂ မှ ၁၅.၉.၁၉၄၃ အထိ ။
(ဂ) ဗမာ့အမျိုးသားတပ်မတော် (Burma National Army – B.N.A ) ၁၆.၉.၁၉၄၃ မှ ၂၃.၇.၁၉၄၅ အထိ ။
(ဃ) မျိုးချစ်ဗမာ့တပ်မတော် (Patriotic Burmese Forces – P.B.F ) ၂၃.၇.၁၉၄၅ မှ ၇.၉.၁၉၄၅ အထိ ။
(င) ဗမာ့တပ်မတော် ( Burma Army ) ၈.၉.၁၉၄၅ မှ ၂၇.၃.၁၉၈၉ အထိ ။
(စ) မြန်မာ့တပ်မတော် (Myanmar Tatmadaw ) ၂၇.၃.၁၉၈၉ မှ ယနေ့အထိ ။
ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးကာလတွင် သန္ဓေတည်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးကာလတွင် ပြည်သူကြားမှ ပေါက်ဖွားပေါ် ထွန်းလာခဲ့သော မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းသည် မြန်မာတစ်မျိုးသားလုံးအတွက် ဂုဏ်ယူထိုက်သော သမိုင်းကြောင်းပင်ဖြစ်သည်။ ရှေးမြန်မာနိုင်ငံ ပဒေသရာဇ်ခေတ်အဆက်ဆက်တွင်ရှိခဲ့ကြသည့် တပ်မတော်များသည် ခေတ်မီတပ်မတော်များ မဟုတ်ကြဘဲ စစ်မှုထမ်းဆောင်ရန်အတွက် အရေးကြုံမှသာ ထောင်ပြုမြို့၊ ရာပြုမြို့များမှ အချိုးကျထည့်ဝင်ရသော စစ်သားစုဆောင်းရေးစနစ်ကို အနော်ရထာမင်းစောလက်ထက်မှစတင်၍ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်းလက်ထက်တိုင်အောင် ရာစုနှစ် ၈စု ကြာမျှကျင့်သုံးခဲ့ကြသည်။ သို့ပါသော်လည်း ခေတ်အဆက်ဆက်မြန်မာနိုင်ငံ၌ ဤကဲ့သို့သောတပ်မတော်မျိုးဖြင့်ပင် ပတ်ဝန်းကျင်နိုင်ငံများ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများအကြားတွင် လျှမ်းလျှမ်းတောက်ထင်ရှား ကျော်ကြားခဲ့ရသော တပ်မတော်ကြီးတစ်ရပ်ဖြစ်ခဲ့ရသည်။ ၁၉ရာစုအစပိုင်းတွင် မူခေတ်မီလက်နက်များ ကိုင်ဆောင်ထား၍ စနစ်တကျလေ့ကျင့်ထားပြီးဖြစ်သော နယ်ချဲ့အင်္ဂလိပ်တပ်များနှင့်ဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာစစ်ပွဲ သုံးကြိမ်စလုံးတွင် မြန်မာတို့ အရေးနိမ့်ခဲ့ရပြီးနောက် အာရှတစ်လွှားဂုဏ်သတင်းထင်ရှားကျော်ဇောခဲ့ရသော ရှေးခေတ်မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍပြီးဆုံးခဲ့ရပေသည်။
နယ်ချဲ့ဗြိတိသျှလက်အောက်တွင် အမျိုးသားရေးစိတ်ဓာတ်နိုးကြား တက်ကြွလာပြီးနောက် ဗြိတိသျှတို့အား လက်နက်ကိုင်တော်လှန်ရန်အတွက် ရဲဘော်သုံးကျိပ်တို့သည် ဂျပန်တို့၏ အကူအညီဖြင့် ဟိုင်နန်ကျွန်း၊ ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာသင်ယူခဲ့ကြပြီးနောက် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဟူသော ခံယူချက်ဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းသည် ယနေ့ခေတ်မြန်မာ့တပ်မတော်၏ အစပျိုးမှုပင်ဖြစ်လာခဲ့ရသည်။ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးအတွက် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့ချိန်မှစတင်၍ ယနေ့ မြန်မာ့တပ်မတော်ဖြစ်လာသည်အထိ အောက်ပါအတိုင်းအမည်နာမ(၆)မျိုးပြောင်းလဲခဲ့ရပေသည်-
(က)ဗမာ့လွတ်လပ်ရေးတပ်မတော်(Burma Independence Army-B.I.A) ၂၇.၁၂.၁၉၄၁ မှ၂၆.၇.၁၉၄၂ အထိ။
(ခ) ဗမာ့ကာကွယ်ရေးတပ်မတော်(Burma Defence Army B.D.A) ၂၇.၇.၁၉၄၂ မှ ၁၅.၉.၁၉၄၃ အထိ။
(ဂ) ဗမာ့အမျိုးသားတပ်မတော် (Burma National Army-B.N.A) ၁၆.၉.၁၉၄၃ မှ ၂၃.၇.၁၉၄၅ အထိ။
(ဃ) မျိုးချစ်ဗမာ့တပ်မတော် (Patriotic Burmese Forces-P.B.F ) ၂၃.၇.၁၉၄၅ မှ ၇.၉.၁၉၄၅ အထိ။
(င) ဗမာ့တပ်မတော် ( Burma Army ) ၈.၉.၁၉၄၅ မှ ၂၇.၃.၁၉၈၉ အထိ။
(စ) မြန်မာ့တပ်မတော် (Myanmar Tatmadaw ) ၂၇.၃.၁၉၈၉ မှ ယနေ့အထိ။