ကြည်း ၆၇၁၀ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
(၂၄-၄-၁၉၉၂ မှ ၃၀-၃-၂၀၁၁ ထိ)
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၅၂ ခုနှစ်တွင် တပ်မတော်(ကြည်း)ဗိုလ်လောင်းသင်တန်း၊ သင်တန်းအမှတ်စဉ်(၉)သို့ စတင်တက်ရောက်ကာ တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ ခြေလျင်၊ ခြေမြန်တပ်ရင်းများနှင့် လက်ရုံးတပ်ဖွဲ့များ၌တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်၌ တပ်မမှူးတာဝန်များထမ်းဆောင်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ၁၉၈၅ ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) တာဝန်များပူးတွဲထမ်းဆောင်ခဲ့သည်။ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌတာဝန်၊ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တ္ငင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌတာဝန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်များကို ၂၀၁၁ခုနှစ်၊ မတ်လ ၃၀ ရက်အထိ ထမ်းဆောင်ခဲ့ပါသည်။