ကြည်း ၃၅၆၁ ဗိုလ်ချုပ်ကြီး တင်ဦး
(၈-၃-၁၉၇၄ မှ ၆-၃-၁၉၇၆ ထိ)
ဗိုလ်ချုပ်ကြီးတင်ဦးသည် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှစ၍ ဒုတိယဗိုလ်အဆင့်ဖြင့် ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၉၇၄ ခုနှစ်၊ မတ်လ ၈ ရက်မှ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။