ကြည်း ၃၅၆၉ ဗိုလ်ချုပ်ကြီး စန်းယု
(၂၀-၄-၁၉၇၂ မှ ၇-၃-၁၉၇၄ ထိ)
ဗိုလ်ချုပ်ကြီးစန်းယုသည် ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ပြည်မြို့မှ ဝင်ရောက်ခဲ့ပြီး အရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲများ၊ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်ရေးများ၌ ပါဝင်ခဲ့ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်များနှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) တာဝန်များကို အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ၁၉၇၄ ခုနှစ်၊ မတ်လ ၇ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။